ubuntu 11.04 linux os အခြေခံအသုံးပြုနည်း · getting to grips...

30
http://so25stars.wordpress.com Ubuntu 11.04 Linux OS အခြေခံအသုံးပြနည်း Ubuntu Desktop Guide Written By: ရန် နိုင်ထွန်း (UCSM) Designed by:( YNT (SLRD ) ) Ubuntu Desktop Guide @ http://so25stars.wordpress.com

Upload: others

Post on 27-Jan-2021

9 views

Category:

Documents


0 download

TRANSCRIPT

  • http://so25stars.wordpress.com

    Ubuntu 11.04 Linux OSအခြေခံအသုံး ပြုနည်း

ိိ

    Ubuntu Desktop Guide

    Written By: ရန်နိုင်ထွန်း (UCSM)

    Designed by:( YNT (SLRD ) )

    Ubuntu Desktop Guide @ http://so25stars.wordpress.com

  • Content

    # What is Ubuntu?# Advantages of Ubuntu# Disadvantages of Ubuntu# History of Ubuntu# Getting to grips with the Ubuntu Desktop

    -Customizing your Desktop-User Accounts and Group-Changing login Screen with command-Seeking and Deleting Virus from your removable drives

    # Users and File System-Root user-Paths-Files and Folders name-Key locations in the Ubuntu File system-File Compression

    # Hands-on at the Command-line# Software Installation

    -(tar.gz) package installation-Synaptic Package Manager-APT (Advanced Packaging Tool) Package Management System-Deb (Debian) Package-Convert RPM (RedHat Package Manager) packages to Deb packages-Installing Myanmar Fonts in Ubuntu

    # Adding, Removing and Updating Applications# Troubleshooting in Ubuntu

    - Stop Running Process in Ubuntu-Remembering password in Ubuntu-Backup in Ubuntu

    Ubuntu Desktop Guide @ http://so25stars.wordpress.com

  • What is Ubuntu?Ubuntu သည် Microsoft မှ ထုတ်လုပ်သော Windows Series ကဲ့သို့ Operating

    System တစ်ခုဖြစ်သည်။ သို့သော်Ubuntu သည် Microsoft ကဲ့သို့ငွေကြေးဖက်သို့ ဦးမတည်၊အခမဲ့ရရှိနိုင်သောos တစ်ခုဖြစ်သည်။ထို့အပြင်Open Source OS တစ်ခုဖြစ်သည်။

    ဆိုလိုသည်မှာ Ubuntu သည် Linux OS တစ်ခုဖြစ်ပြီး ယင်း OS အားရေးသားထားသော Linux Programming Coding(C programming language)များကိုOnline ပေဿဿါ်တွင်Free

    တင်ပေးထားသည်။ နိုင်ငံတကာ Linux Programming တတ်ကျွ မ်းသူများမှယင်းOs ကို ပိုကောင်းအောင်ရေးသားပြင်ဆင် ခွင့်ရကြပြီးUser များဘက်မှလည်းမိမိကြိုက်နှစ်သက်ရာ

    Ubuntu Version ကိုရွေးချယ်အသုံးပြုခွင့်ရကြသည်။

    Advantages of UbuntuUbuntu သည် Windows, Macintosh OSX တို့ကဲ့သို့ OS များကို Support လုပ်

    နိုင်ပြီး Security မြင့်မားသည်။ အထူးသဖြင့် ၎င်း၏ root Folder(Windows တွင် System 32 ကဲ့သို့Folder)တွင်Super User၏Access မှလွဲ၍ ကျန်လုပ်ဆောင်ချက်များကိုပိတ်ထား

    ပြီး EXE File များအလုပ်လုပ်ခွင့်မရှိသောကြောင့် Virus တော်တော်များ၏တိုက်ခိုက်မု့်ကို ရှောင်လွဲနိုင်သည်။ ထို့ပြင် Microsoft Windows ထက်ပိုမိုကောင်းမွန်စွာပင် Office

    Application များနှင့် မရှိမဖြစ်လိုအပ်သော Application များကို Os တင်ပြီးကတည်းမှစတင် အသုံးပြုနိုင်သည်။ ဥပမာ - Adobe, Foxit Reader ကဲ့သို့ pdf file များကို ဖတ်ရု့်နိုင်သော

    Document Viewer, Microsoft Office ကဲ့သို့ Libre Office Series များပါရှိသည်။ နောက် ထပ် မိမိလိုအပ်ချက်အရ ထပ်မံအသုံးပြုလိုသော Application များနှင့် Game များပါ

    Ubuntu Software Center မှတစ်ဆင့် Categories အလိုက် ယင်း OS ၏ Server ထံမှ Download ဆွဲရယူနိုင်သည်။

    Disadvantages of UbuntuUbuntu သည် Command Based Os Linux ကိုအခြေခံထားသောကြောင့် ယခင်

    Dos os အတွေ့အကြုံ (သို့) Windows ၏ Command prompt အတွေ့အကြုံလိုအပ်သည် ထို့ပြင် Windows မှာကဲ့သို့ Application များကို အလွယ်တကူ Setup File ကို Double

    Click ပြီး Install လုပ်၍မရ။ သက်ဆိုင်ရာ Package များကို Command များနှင့် ဖြေချ၍ Install လုပ်ရသည်။ ယင်းနှင့်ပက်သက်၍ Software Installation ခေါင်းစဉ်အောက်တွင် ဖော်ပြပေးမည်။

    Ubuntu Desktop Guide @ http://so25stars.wordpress.com

  • History of UbuntuUbuntu ရဲ့ သမိုင်းကြောင်းကိုမရှင်းမီ သူအခြေခံထားတဲ့ Linux အကြောင်းကိုသိဖို့လို ပါမယ်။ ကွန်ပျူတာတွေစပေါ်ကာစ လွန်ခဲ့တဲ့နှစ်ပေါင်း (၄၀) ကျော်လောက်က ကွန်ပျူတာ

    တေဿွရဲ့ အရွယ်အစားတွေဟာ အိမ်တွေ၊ ဘောလုံးကွင်းတွေလောက် ကြီးမားပြီး ကွန်ပျူတာ တိုင်းမှာ သုံးထားတဲ့ Operating System တွေဟာလည်းအမျိုးမျိုးပါ။အဲ့ဒီမှာတင် Customi-

    zed ရေးဆွဲထားကြတဲ့Software တွေနဲ့ OS တွေ Compatible မဖြစ်တဲ့ပြသနာတွေ ကြုံတွေ့လာရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ OS တွေအတွက် အခြေခံသတ်မှတ်ချက်

    မရှိပဲရေး ချင်သလိုရေးထားကြပြီး ရေးကြတဲ့ Software တွေကလည်း စ ရေးတဲ့ OS ပေါ်မှာပဲRun နိုင် ကြလို့ပါ။ဒီလို့နဲ့ ဆယ်စုနှစ်တစ်ခုအကြာ ၁၉၆၉ခုနှစ်မှာ အမေရိကန်နိုင်ငံ Bell Labs laborat-ories က Developer များဟာ Software တိုင်နဲ့ကိုက်ညီနိုင်မယ့် Os

    တစ်ခုကို ယခင်သုံးနေ ကျ Assembly Code တွေအစား C programming language နဲ့ရေးသားခဲ့ကြပြီး သူတို့ရဲ့ Project ကို "Unix” လို့ အမည်ပေးခဲ့ကြပါတယ်။တကယ်တော့ C

    programming langu-age ဟာSoftware ရေးသားသူတွေအတွက်ပါအလျင်အမြန် Adapt လုပ်ရေးသားနိုင်ဖို့နဲ့Unix နဲ့သူ့ Kernel ထဲကOther Function တွေတည်ဆောက်နိုင်ဖို့အ

    တွက်ပါအဲ့ဒီအချိန် ရောက်မှ စထွင်ခဲ့တဲ့ High Level Programming language တစ်ခုဖြစ်ပါ တယ်။ အဲ့ဒီနောက်မှာတာ့ Unix OS ဟာ စတင်ဖွံ့ဖြိုးလာခဲ့ပြီး Hardware နဲ့ Software

    ထုတ်လုပ်သူတွေဟာလည်းသူတို့ရဲ့Products တွေကိုUnix နဲ့ကိုက်ညီအောင် ထုတ်လုပ် လာကြပါတယ်။သို့ပေမယ့်Unix မှာလိုအပ်ချက်တွေရှိနေဆဲပါ။ ၁၉၉၀ခုနှစ်အစမှာတော့ ဖင်လန်နိုင်ငံHelsinki University က Linus Torvalds အမည်ရှိComputer Science

    ကျောင်းသားတစ်ယောက်ဟာUnix ရဲ့အားနည်းချက်တွေကိုပြင်ဆင်ပြီး သူ၏နာမည်အစ "Linus”နဲ့"Unix” ကိုပေါင်းစပ်ပြီး "Linux” Os ကိုစတင်ရေးသားခဲ့ပါတယ်။အဲ့ဒီနောက် ၁၉၉၄မှာVersion1.0 ကိုစတင်ထုတ်လုပ်ခဲ့ပါတယ်။သူရေးသားခဲ့တဲ့ Linux ဟာအားနည်းချက် မရှိလောက်အောင်ကောင်းမွန်ပြီးလူကြိုက်လည်းများလာတာကြောင့်Linux Developers များ

    နေရာအနှံ့ပေါ်ပေါက်လာကြပြီး ပိုမိုကောင်းမွန်အောင်ဝိုင်းဝန်းရေးသားကြရာမှ ကျွ မ်းကျင်သူ မည်သူမဆိုဝင်ရောက်ပြင်ဆင်ခွင့်ရှိတဲ့OpenSource Environment တစ်ခုဖြစ်လာခဲ့ပါ တယ်။

    Features of LinuxMultitasking : မြောက်မြားစွာသောProgram တွေကို တူညီတဲ့အချိန်တစ်ခုအတွင်းမှာ Run

    နိုင်ပါတယ်။

    Multiuser : မြောက်မြားစွာသောUser များကိုတူညီတဲ့စက်တစ်လုံးတည်းမှာပင်တစ်ချိန်တည်းအသုံးပြုနိုင်ခွင့်ပေးထားပါတယ်။

    Multiplatform : Windows လို Intel architecture ပါတဲ့ CPU ပေါ်မှRun နိုင်တာမဟုတ်ပါ

    Ubuntu Desktop Guide @ http://so25stars.wordpress.com

  • ဘူး။မည်သည့် CPU (platform) ပေါ်တွင်မဆိုအလုပ်လုပ်နိုင်ပါတယ်။Multithreading : Linux Kernel ဟာတစ်စုံတစ်ခုသော Process အတွင်းက များလှစွာ

    သော Control Thread တွေကိုSupport လုပ်ပေးနိုင်ပါတယ်။

    Difference between Linux and other Operating SystemLinux မှာသူ့ရဲ့ Source code တွေကို access လုပ်ခွင့်အပြည့်ပေးထားပြီး ဒီ့ပြင် OS

    များလို private License agreement မရှိဘဲ public License agreement နဲ့ပါ။ Linux Kernel တစ်ခုလုံးကိုလွတ်လပ်စွာယူသုံးခွင့်ရှိသလို မိမိစွမ်းရင်စွမ်းသလောက် ပြန်လည်ပြင်

    ဆင်ရေးသားပြီး ရောင်းချပိုင်ခွင့်ရှိပါတယ်။ Microsoft productတွေမှာတော့ဒီလိုအခွင့်အရေး တွေပေးမထားပါဘူး။ OS တစ်ခုအနေနဲ့ Run နိုင်တဲ့ Platform ပမာဏကိုကြည့်မယ်ဆို

    လည်း Linux က Any Platform ပါ။ Windows မှာတော့ Intel architecture platform ကိုအားကိုးနေရပါတယ်။

    Getting to grips with the Ubuntu Desktop

    Ubuntu OS စတက်တက်ချင်း မြင်တွေ့ရမည့်မြင်ကွင်းဖြစ်ပါတယ်။ OS တင်က တည်းက Password ပေးခဲ့ရင်တော့Login Screen ကိုအရင်မြင်တွေ့ရမှာပါ။ မြင်တွေ့နေရ

    တဲ့ Themes တွေကတော့ Version အလိုက်တစ်ယောက်နဲ့တစ်ယောက်တူချင်မှ တူပါလိမ့် မယ်။

    Ubuntu Desktop Guide @ http://so25stars.wordpress.com

  • Customizing your Desktop သင်ရဲ့ Desktop နောက်ခံပုံကိုChange ဖို့ Desktop ပေါ် Right Click =>Change

    Desktop Background ကိုသွားပါ။ ပြီးနောက် Add ကိုနှိပ်ပြီးသင့်စိတ်ကြိုက်ပုံကိုရွေးချယ်နိုင် ပါတယ်။ဒါမှမဟုတ် သင့်ရဲ့ ပုံကို Scroll-wheel နဲ့ Desktop ပေါ် Drag ဆွဲပြီး Desktop

    Background ကိုChange နိုင် ပါ တယ်။ Ubuntu ရဲ့ Themes တွေ စိတ်ကြိုက်ထားနိုင်ဖို့တော့Theme ဆိုတဲ့ tab မှာ စိတ် ကြိက်ဝင်ပြင်နိုင်ပါတယ်။ သူရဲ့ Default Themes တွေကို Customized လုပ်ပြီးမိမိစိတ် ကြိုက်ထပ်မံအသုံးပြုနိုင်သလို Install ဆိုတဲ့ Button ကိုနှိပ်ပြီး မိမိစိတ်ကြိုက် Internet က နေ Download ချလာတဲ့ Themes package တွေကို အသုံးပြုနိုင်ပါတယ်။ဒါပေမယ့် Installှ လုပ်ပြီးရင် ကိုယ့် Computer ထဲမှာ ကျန်နေဖို့ Save as နှိပ်ဖို့လိုပါလိမ့်မယ်။

    Desktop ပေါ်က Ubuntu Logo လေးကတော့Windows logo နဲ့အတူတူပါပဲ။ သူ့ ကို Keyboard က window Key ကိုနှိပ်ပြီးအသုံးပြုနိုင်သလို သူထဲမှာ Microsoft Windows

    ကလိုပဲ Application များ၊ Recent Documents များပါဝင်ပါတယ်။ အဲ့ဒီ Logo လေးရဲ့ ညာ

    ဘက်အစွန်မှာ တော့ Power

    Button

    လေးပါ ပါတယ်။power button ရဲ့ Sub menu မှာ ပါဝင်တဲ့ System Settings ကတော့

    Microsoft Windows ရဲ့ Control Panel အတိုင်းပါပဲ။

    သူ့ကိုနှိပ်လိုက်ရင် အောက်ပါ အတိုင်း Window တစ်ခုပေါ်လာပါမယ်။

    Ubuntu Desktop Guide @ http://so25stars.wordpress.com

  • သူပေးထားတဲ့ Categories တွေကအရမ်းများလို့မျက်စိရ်ုပ်ပြီးကိုယ်ရှာချင်တာကို တွေ့ဖို့ခက်ခဲနေရင် Filter search box ထဲမှာ ကိုယ်ရှာချင်တဲ့ Categories ကိုရိုက်ထည့်ပြီး

    ရှာနိုင်ပါတယ်။ Desktop ရဲ့ Left Panel က Ubuntu Software Center ဆိုတာကတော့ မိမိအနေနဲ့ ထပ်မံအသုံးပြုလိုတဲ့ Application တွေကို Categories အလိုက်ရှာဖွေ Install

    လုပ်ပေးတဲ့နေရာပါ။ ဒါပေမယ့် Internet Connection ရှိနေဖို့တော့လိုပါလိမ့်မယ်။

    Ubuntu Software Center ရဲ့အောက်နားမှာတော့ Workspace Switcher ရှိနေပါတယ်။ သူက

    သင့်ကို Desktop လေးခုနဲ့အသုံးပြုနိုင်ဖို့ကူညီပေးမှာဖြစ်ပါတယ်။ Click ကြည့်ပါ။ သင်သုံးချင်တဲ့ Workspace ကို Double click ရုံပါပဲ။

    Ubuntu က သင် Mail စစ်ချင်တဲ့အခါ mail.google.com Website ကိုရှည် ရှည်ဝေးဝေး ဝင်စရာမလိုဘဲ သူ့ Application နဲ့အဆင်ပြေပြေစစ်နိုင်အောင် ကူညီပေးထားပါ

    Ubuntu Desktop Guide @ http://so25stars.wordpress.com

  • တယ်။ အဲ့ဒီအတွက် စာအိတ်ပုံလေးကနေတဆင့် Setup Mail ထဲကိုဝင်ရုံပါ။ သင့်ရဲ့ Gmail လိပ်စာထည့်ပေးပြီး နောက်တစ်ခါ ထပ်ဝင်တဲ့အခါ သင့်ရဲ့ Mail Box ထဲကိုတန်းရောက်သွားပါ

    လိမ့်မယ်။

    User accounts and GroupsSystem Settings => User and Groups => User Settings မှာ Account

    အသစ်တိုးတာ ဖျက်တာတွေလုပ်လို့ရပါတယ်။ Manage Groups မှာတော့ Groups အသစ် တိုးတာ/ Group ID တွေကို Manage လုပ်လို့ရပါတယ်။ Windows မှာထက် Ubuntu မှာ

    တစ်ခုပိုလာတာကလဲ Group ပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ Ubuntu ရဲ့ File Permission တွေကို Group Access, Owner Access, Other Access ဆိုပြီး Permission ကောင်း

    ကောင်းပေးထားလို့ပါ။ Advanced Settings မှာတော့ Contact Information ၊ User Privileges တွေအပြင်Advanced tab မှာ ကိုယ့်ရဲ့ Home Folder direction ကိုပါ Change လို့ရပါတယ်။ဒါပေမယ့် ဒါတွေအားလုံးဟာ Admin Task တေဿွဖြစ်နေလို့ Authenticate Password တွေ ခဏခဏတောင်းပါလိမ့်မယ်။Command နဲ့ Account

    တည်ဆောက်နည်းကိုတော့ Command-line အခန်းမှာဖော်ပြပေးထားပါတယ်။

    Changing Log-in Screen with command-linesCommand-line အခန်းမှာဖော်ပြဖို့ သင့်ပေမယ့် Desktop ကို Customized လုပ်

    တာနဲ့ ပိုသက်ဆိုင်လို့ ဒီအခန်းမှာပဲကြိုရှင်းထားပါမယ်။ Command နည်းနည်းသုံးရမယ် ဆိုတော့ Terminal ကိုဖွင့်ရပါမယ်။ Terminal ကိုဖွင့်ဖို့ Ctrl+Alt+T ကိုနှိပ်ပါ။

    အောက်ပါအတိုင်းCommand-line များရိုက်ပါ။(ဖွင့်ထားသောApplication များကိုပိတ်ထား ပါ။)Enterခေါက်ပါ။Password တာင်းလာပါလိမ့်မယ်။Password တောင်းရခြင်းအကြောင်း ကိုသက်ဆိုင်ရာအခန်းမှာဖော်ပြပါမယ်။

    Ubuntu Desktop Guide @ http://so25stars.wordpress.com

  • “ sudo cp usr/share/applications/gnome-apperance-properties.desktop /usr/sh are/gdm/autostart/LoginWindow ”Terminal ကထွက်ပါ။ (Close Button

    “ကိုနှိပ်လို့ရသလို exit” command ကို လည်းသုံးနိုင်ပါတယ်။) ထို့နောက် "Log out” လုပ်လိုက်ပါ။ မိမိရွေးချယ်ထားလိုတဲ့ပုံကိုရွေးဖို့ အတွက် Window တစ်ခု Log in

    ပြန်လုပ်တဲ့အခါ ပေါ်လာပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီ Window ဟာ Log in လုပ်တိုင်းပေါ်နေမှာပါ။ အဲဒီလိုမပေါ်ဖို့အတွက် Terminal မှာအောက် ပါ Command

    များရိုက်ပါ။“sudo unlink /usr/share/gdm/autostart/LoginWindow/gnome-appearance-properties.desktop” လို့ရိုက်ပြီး Enter ခေါက်ပါ။ Password ထည့်ပါ။ ပုံမှန် Log in Scre en ပဲတက်လာပါလိမ့်မယ်။

    Seeking and Deleting Virus From your removable driveLinux မှာ ဿ file permission ရှိတဲ့အပြင် EXE File တွေကိုအလုပ်လုပ်ခွင့်မပေးတာ ကြောင့် Virus File တွေကို အတိုင်းသားမြင်ရနိုင်ပြီး Shift + Delete နဲ့ပဲ ဖျက်ထုတ်ပစ်နိုင်ပါ တယ်။ ပထမဦးစွာ သင့် Stick ကို တပ်ပါ။သင့် Stick တွင် Virus ကင်းစင်ပါက Autorun စနစ်ဖြင့် Stick တွင်းရှိ Data များကိုဖွင့်ပြပါလိမ့်မယ်။ Virus ရှိနေရင်တော့ Autorun မတက်

    ပဲ Desktop ပေါ်မှာသင့်ရဲ့ Drive ကို စာရွက်ပုံစံဖြင့်ပြနေပါလိမ့်မယ်။ထို့သို့ပြနေလျှင် Double Click နှိပ်ပြီးဖွင့်လိုက်ပါ။ Virus ဟုသံသယရှိသော File များကို ဖျက်ထုတ်ပစ်ယုံပါ

    ပဲ။ တကယ့်ကို Anitvirus တွေထက်သာလွန်တဲ့အချက်ဖြစ်ပြီး Update လုပ်စရာလည်းမလို့ တဲ့ Performance မြင့် Linux ပဲဖြစ်ပါတယ်။

    User and File System Ubuntu ရဲ့ File system ဟာအခြေခံအားဖြင့် Windows ရဲ့ File system နဲ့တူနေ ပေမယ့် အောက်ဖော်ပြပါအချက်တွေမှာ ကွဲလဲဿွနေကြောင်းတွေ့ရပါမယ်။

    Ubuntu Desktop Guide @ http://so25stars.wordpress.com

  • Root UserUbuntu ကိုတင်ပြီးတာနဲ့ သင့်အတွက် Ubuntu ကိုဝင်ရောက်အသုံးပြုနိုင်မယ့် User

    account တစ်ခုရရှိပြီးဖြစ်ပါတယ်။ ဒါပေမယ့် Ubuntu မှာ Linux os အများစုမှာရှိနေကြအ တိုင်း Installation လုပ်ပြီးတာနဲ့ Login လုပ်နိုင်မယ့် account ၂ခုရှိနေပြီးဖြစ်ပါတယ်။ အဲဒီ

    account တွေကတော့ ကျွ န်တော်အခုပဲရှင်းခဲ့တဲ့Standard user (သာမန်User) နဲ့ Root User account တွေပဲဖြစ်ပါတယ်။Root user ဆိုတာက Admin privileges အပြည့်အဝရရှိ

    ထားပြီး သူ့ကို (/) နဲ့ကိုယ်စားပြုပါတယ်။ Root Folder အောက်မှ File များတည်ဆောက် ခြင်း၊ ဖျက်ခြင်း၊ Software များ Install လုပ်ခြင်းစတဲ့ Admin ပိုင်းဆိုင်ရာအလုပ်တွေကို

    Root အနေနဲ့အသုံးပြုမှသာလုပ်ခွင့်ရှိပါတယ်။အဲ့လိုသုံးနိုင်ဖို့Terminal မှာ ကိုယ်လုပ်ချင်တဲ့အ လုပ်တွေကို Root အနေနဲ့လုပ်မယ်ဆိုတဲ့အကြောင်း ကိုယ်ပေးမယ့် Command ရှေ့မှာ sudo

    (Super User Do) (သို့) Su (Super User)ဆိုပြီးထည့်ပေးဖို့လိုအပ်ပါလိမ့်မယ်။Comman

    d အခန်းမှာဆက်ရှင်းပေးပါမယ်။Paths

    Ubuntu မှာ Windows လို Drive Letter မရှိပါဘူး။ Windows မှာFile လမ်း ကြောင်းကို Back Slash(\) နဲ့ဖော်ပြပေမယ့် Ubuntu မှာတော့ Forward Slash (/)နဲ့ပဲဖော် ပြပါတယ်။ နောက်ပြီး Windows မှာ Os ရဲ့ Installation File တွေဟာ C:\Windows

    အောက်မှာရှိပြီး ထပ်ပြီး Install လုပ်တဲ့ Application တွေရဲ့ Installation File တွေဟာ C:\ Program Files အောက်မှာရှိနေပေမယ့် Ubuntu မှာတော့ Forward Slash နဲ့ကိုယ်စားပြု

    တဲ့ Root Directories အောက်မှာပဲရှိနေပါတယ်။တင်စားပြီးရှင်းရရင် Ubuntu ရဲ့File System ဟာ Tree-Like Structure File System ပါ။ ဘာလို့လဲဆိုတော့ Ubuntu မှာ ဿ file

    အားလုံးဟာ အခြေခံကျတဲ့ Root Folder အောက်ပါမှာပဲအသီးသီးဖြာထွက်တည်ရှိနေပါတယ်

    Files and Folders nameFiles နဲ့ Folder name တွေမှာ Windows မှာလိုပဲ Space ပါခွင့်ရှိပါတယ်။ ဒါပေ

    မယ့် စာလုံးအကြီး/ အသေး (Upper Case and Lower Case) ဟာ Ubuntu မှာအရေးကြီး ပါတယ်။ဆိုလိုတာက ဿ directory တစ်ခုအောက်မှာ office.doc , oFFice.doc , Office.doc

    , OFFICE.doc ဆိုပြီး Save လို့ရပေမယ့် Windows မှာတော့ အဲ့ဒီလိုသွားသိမ်းရင် "Canno t rename New Microsoft Document : A file with the name you specified already exist. Specify a different file name.” ဆိုပြီး Error တက်လာပါလိမ့်မယ်။

    Hidden files and folders

    Windows မှာ File ရဲ့Hidden Attribute ကိုဝင်ပြင်လိုက်ရင် အဲဒီ File ကို Hidden လုပ်နိုင်ပါပြီ။Ubuntu မှာတော့ File ကို hidden လုပ်ဖို့ဆိုရင် Filename ရဲ့ရှေ့မှာ ".” ထည့်

    Ubuntu Desktop Guide @ http://so25stars.wordpress.com

    file:///C:/Windowsfile:///C:/

  • ပေးရုံပါပဲ။Example: “report.doc” => “.report.doc” ။ ပြီးနောက် Refresh လုပ်လိုက်ပါ။ Hidden ဖြစ်သွားပါပြီ။ပြန်ဖော်မယ်ဆိုရင်တော့ View=>Show Hidden File ။ အဲ့ဒီနောက် Refresh လုပ်ပြီး File name က ".” ကိုပြန်ဖြုတ်လိုက်ပါ။

    Key locations in the Ubuntu File System

    Location Details

    /bin

    /boot

    /dev

    /etc

    /home

    /lib

    /media

    /proc

    /root

    /sbin

    /tmp

    -Ubuntu System Run ဖို့အတွက်လိုအပ်တဲ့ File များသိမ်းဆည်းထားရာနေရာဖြစ်ပါတယ်

    -GRUB boot loader အပါအဝင် Ubuntu ကို Boot လုပ်နိုင်ဖို့လိုအပ်တဲ့ File တွေသိမ်း ဆည်းရာနေရာဖြစ်ပါတယ်။

    -Hardware Device တွေကိုကိုယ်စားပြုတဲ့ Virtual Files များသိမ်းဆည်းရာနေရာဖြစ်ပါ တယ်။

    -System Configuration Files များသိမ်း ဆည်းရာနေရာဖြစ်ပါတယ်။

    -User အတွက် Personal Folders များတည် ရှိရာနေရာဖြစ်ပါတယ်။

    - အသုံးပြုနေတဲ့ Application တွေအတွက် လိုအပ်တဲ့ Files တွေကို Support လုပ်ပေးတဲ့

    Folder ဖြစ်ပါတယ်။-Stick,CD တို့ ကဲ့သို့ Removable Drive

    တွေကို အသုံးပြုနိုင်ဖို့ Mount လုပ်ပေးနိုင်တဲ့ Sub Folder များတည်ရှိရာ Folder ပါ။-Ubuntu အတဿြက္လုိအပ္တ့ဲ Setting File

    များပါဝင်တဲ့ Virtual Folder များသိမ်းဆည်း ရာနေရာဖြစ်ပါတယ်။

    -root user အတွက် personal Folder များ သိမ်းဆည်းရာနေရာဖြစ်ပါတယ်။

    -System Maintenance အတွက်လိုအပ်တဲ့ Software များကိုသိမ်းထားရာနေရာပါ။ယင်း Software များကို Root user အနေနဲ့သာသုံး ခွင့်ရှိပါတယ်။

    Ubuntu Desktop Guide @ http://so25stars.wordpress.com

  • /usr

    /var

    -Temporary Files များပါ။

    -System Libraries နဲ့ Documentation တွေ အပါအဝင် System အတွက် အများဆုံး အသုံးပြုတဲ့ Software များသိမ်းဆည်းရာနေ

    ရာဖြစ်ပါတယ်။

    -System တစ်ခုလုံးလည်ပတ်နိုင်ဖို့ အဓိကလို အပ်တဲ့အပြင် အမြဲ Update လုပ်ဖို့လိုအပ်တဲ့

    Data များသိမ်းဆည်းရာနေရာ ဖြစ်ပါတယ်။

    *** အားလုံးဟာ Root Folder အောက်မှာပဲရှိပါတယ်။

    File CompressionFile Compression ဆိုတာကတော့ အားလုံးသိထားတဲ့အတိုင်း File တွေရဲ့ Size

    ကိုလျှော့ချ ပြီး Zip File ပြုလုပ်တာပဲဖြစ်ပါတယ်။Zip File ပြုလုပ်ခြင်းရဲ့အကျိုးဆက်ကတော့ မိမိစက်မှာ File များများသိမ်းနိုင်ပြီး Online ကနေ Share လုပ်ကျတဲ့နေရာမှာလည်း မြန်ဆန်

    ထိရောက်တဲ့ အကျိုးရလဒ်ကိုရရှိလာမှာဖြစ်ပါတယ်။ Windows အသုံးပြုတဲ့ user အများစုက တော့ Zip File Format ကိုအသုံးများပြီး အဲ့ဒီ Format ကို Ubuntu မှာ အပြည့်အဝထောက်

    ပံ့ပေးထားပါတယ်။ဒါ့အပြင် Ubuntu မှာ Tape Archive လို့ခေါ်တဲ့ Tar File တွေကိုလည်း Support လုပ်ပေးပါသေးတယ်။ အဲ့ဒီ Tar File ဆိုတာက လည်း Zip File လိုပါပဲ။ဒါပေမယ့် File တွေကို Tar File ဖြစ်အောင် bzip2 နဲ့ gzip တို့လို Add-in Programs တွေလိုအပ်ပါ

    တယ်။ Ubuntu မှာလူသုံးများလှတဲ့ Compressed File Format တွေကတော့----Archive File Extension Details

    .tar

    .tar.gz

    .tar.bz2

    -Tape Archive File ဖြစ်ပြီးသူ့ကိုဖြည်နိုင်တဲ့ Command ကတော့ tar command ပဲဖြစ်ပါ

    တယ်။-Tar File ကိုမှ gzip Software နဲ့ထပ်မံComp ress လုပ်ထားတဲ့ File ဖြစ်ပါတယ်။ တစ်ခါ

    တစ်ရံ .tar.gz File Extension အစား .tgz လို့ သုံးပါတယ်။

    - သူကလည်း Tar File ကို bzip2 Software နဲ့ Compress လုပ်ထားတဲ့ Fileဖြစ်ပါတယ်။

    ဒီ့ပြင် Zip File တေဿွထက်စာရင် သူ့ရဲ့ File size ကအသေးဆုံးပြဲဖစ်ပါတယ်။ သူ့ရဲ့ File Extension ကို .tbz ဆိုပြီးသုံးပါတယ်။

    Ubuntu Desktop Guide @ http://so25stars.wordpress.com

  • Hands-on at the Command-line

    Linux အခြေခံတဲ့ Ubuntu မှာလေ့လာစရာ Command တွေဟာ မကုန်နိုင်လောက် အောင်များလွန်းလှပါတယ်။ ဒါပေမယ့် စိတ်ညစ်စရာတော့မရှိပါဘူး။ ဘာလို့လဲဆိုတော့ Linux

    ရဲ့ Command တွေဟာရိုးရှင်းပြီးလေ့လာရလွယ်ကူလို့ပါ။ ပထမဆုံးအနေနဲ့ command တွေ အလုပ်လုပ်ဖို့ကိုတော့ Terminal ပေါ်မှာရေးရပါမယ်။Terminal ဖွင့်ဖို့ Ctrl+Alt+T ကိုနှိပ်ပါ။

    Linux command များရေးတဲ့အခါမှာ command များရဲ့ထုံးစံအတိုင်း Case-sensitive ဖြစ်တဲ့အတွက် စာလုံးအကြီးအသေး / space (သို့) Under Score (သို့) Dash ပါ/ မပါ အစရဿှိ

    သဖြင့် သူ့ရဲ့သတ်မှတ်ထားတဲ့ Format အတိုင်းတစ်လုံးမကျန် အတိအကျလိုက်ရေးဖို့လိုပါ လိမ့်မယ်။ သုံးပြီးသား command များကို ထပ်မရိုက်ချင်တော့လို့ ရိုက်ပြီးသား အဟောင်း ကို

    ပဲပြန်သုံးချင်တယ်ဆိုရင်တော့ Windows က Command prompt မှာလိုပဲ Down Arrow (သို့) Up Arrow ကိုအဆင်ပြေသလိုသုံးလို့ရပါတယ်။ကဲ...... Terminal စဖွင့်လိုက်ရအောင်။

    Terminal စပွင့်ပွင့်ချင်းပေါ်နေတာကတော့ User name @ name ဖြစ်ပြီး (~) နဲ့ကိုယ်စားပြု တဲ့Home Folder အောက်က သင့်Account Foder မှာရောက်ရှိနေတာဖြစ်ပါတယ်။' $ ' လေး ကတော့OrdinaryUser အနေ နဲ့အသုံးပြုနေကြောင်းဖော်ပြပေးနေပါတယ်။အလှကြိုက်သူများ

    မိမိသုံးမယ့် Terminal ကိုစိတ် ကြိုက်ခြယ်မ်ုန်းမယ်ဆိုရင်တော့ Terminal ပေါ် Right Click =>Profiles ကနေမှ Profiles preference ကိုသွားပါ။ အဲ့ဒီထဲမှာသင့်ရဲ့Terminal ကို

    စိတ်ကြိုက်ပြင်ဆင်နိုင်ပါလိမ့်မယ်။အသုံးများတဲ့ Command တွေစလေ့လာရအောင်......။

    Present Working Directory (pwd)

    အပေါ်ပိုဒ်မှာ ကျွ န်တော် ရှင်းခဲ့တာကိုမယုံရင်တော့ လက်ရှိရောက်နေတဲ့Directory

    Ubuntu Desktop Guide @ http://so25stars.wordpress.com

  • ကိုပြပေးနိုင်မယ့် 'pwd' ဆိုတဲ့ Command ကို Terminal မှာရိုက်ပြီး Enter ခေါက်ကြည့်ပါ။

    Lists (ls)

    လက်ရှိရောက်နေတဲ့ Directory အောက်မှာဘယ်Folderတွေထပ်ပါနေသေးသလဲဆို တာသိနိုင်ဖို့ကူညီပေးမှာကတော့လက်ရှိ Directory အောက်က Content တွေကိုပြပေးနိုင်တဲ့

    'ls' ဆိုတဲ့ command ပဲဖြစ်ပါတယ်။သု့ကိုသုံးပြီးရင်တော့ အောက်ကပုံမှာပြထားတဲ့အတိုင်း လက်ရှိသုံးခဲ့တဲ့ Desktop Folder ကိုHigh Light လုပ်ပြီးလက်ရှိDirectoryအောက်ကရှိရှိသ

    မျှ Folder တွေကိုပြပေးနေပါလိမ့်မယ်။ Ls command မှာတွဲသုံးလို့ရမယ့် options တွေရှိပါ သေးတယ်။အဲ့ဒါတွေကတော့

    ls -l => လက်ရှိ Directory အောက်မှာရှိရှိသမျှFolder တွေရဲ့ name,owner နဲ့ permission တွေကိုပြပေးပါတယ်။ls -S => လက်ရှိ Directory အောက်က Data တွေကို File Size ကြီးစဉ်ငယ်လိုက် စီစဉ်ပြီး ပြပေးပါတယ်။

    ls -R => လက်ရှိ Directory အောက်မှာရှိရှိသမျှ Files အားလုံး(Sub Directories) ကိုပြ ပေးနိုင်ပါတယ်။

    ls -r => မည်သည့် Sort command ကိုမဆိုဆန့်ကျင်ဘက် အဖြေထွက်စေမှာပါ။ ဥပမာ - ls -rS ဆိုFile Size ကြီးစဉ်ငယ်လိုက်မဟုတ်ဘဲငယ်စဉ်ကြီးလိုက် စီစဉ်ပြီးပြပေးမှာပါ။ls -t => နောက်ဆုံးအကြိမ် အသုံးပြုခဲ့တဲ့ Data ကိုအရင်ပြပေးမှာပါ။ls -x => File Extension အလိုက် ကြီးစဉ်ငယ်လိုက် စဉ်ပြီး ပြပေးမှာပါ။

    Manual Page (man)

    Ubuntu Desktop Guide @ http://so25stars.wordpress.com

  • မိမိသိလိုတဲ့ command ရဲ့အကြောင်း (Manual Page) ကိုပြပေးနိုင်ပါတယ်။ ဥပမာ - ' man ls ' ဆိုရင် command ' ls ' နဲ့ပက်သက်တဲ့ အကြောင်းအရာတွေဖော်ပြပေးလာနိုင် မှာပါ။

    ပြပေးနေတဲ့ Manual Page ကိုမကြည့်ချင်တော့ရင်တော့ Key Board မှ 'q' ကိုနှိပ်လိုက်ပါ။

    Change Directory (cd)

    လက်ရှိရောက်နေတဲ့ Directory ကနေ ဒီ့ပြင် Directory ကိုရောက်ချင်တဲ့အခါသုံးပါ တယ်။ဥပမာ - ကျွ န်တော်တို့ Terminal ဖဿွင့်ဖွင့်ချင်းရောက်နေတာက Home Folder ပါ။ အဲ့

    ဒီ Home Folder အောက်က Desktop ပဲပြဖြစ်ဖြစ် ၊ Documents ပဲဖြစ်ဖြစ်သွားချင်ရင် cd ~/Desktop (or) cd ~/Documents ပါ။

    – ' cd .. ' ဆိုတဲ့ Command ကတော့ လက်ရှိ ရောက်နေတဲ့ Directory မှတစ်ဆင့် ရှေ့ကို Level တစ်ဆင့်ပြန်ထွက်တာပါ။ ဥပမာ - cd ~/Desktop ဆိုပြီးဝင်ထားပြီးမှ

    Home Folder ကို ပြန်ထွက်မယ်ဆို cd .. ကိုရိုက်ပြီး Enter ခေါက်လိုက်ပါ။

    Ubuntu Desktop Guide @ http://so25stars.wordpress.com

  • Clear

    command တွေသုံးပါများပြီးမိမိရဲ့Terminal ကြီးဟာ ကြည့်မကောင်းလောက်အောင် ရ်ုပ်ထွေးနေပြီဆိုရင်တော့ ' Clear ' ဆိုတဲ့ command ကသင့်ရဲ့ Terminal ကိုရှင်းလင်းသွား

    အောင်ကူညီပေးပါလိမ့်မယ်။

    Make Directory (mkdir)

    command နဲ့ Folder တစ်ခုတည်ဆောက်နိုင်ဖို့ ' mkdir Folder name ' ဆိုပြီးရိုက် ကြည့်ပါ။ သင်လက်ရှိရောက်နေတဲ့ Directory အောက်မှာ Folder အသစ်တစ်ခုပေါ်လာပါ လိမ့်မယ်။ ဒီ့ပြင် Directory အောက်မှာဆောက်ချင်တယ်ဆိုရင်တော့ mkdir ~/Desktop/Ne

    w လို့ရိုက်ကြည့်ပါ။ လက်ရှိ Home Folder ထဲကနေ သူ့အောက်က Desktop ပေါ်မှာ New ဆိုတဲ့ Folder တစ်ခုဆောက်လိုက်တာပါ။

    Copy (cp)

    File တွေ ၊ Folder တွေကို Copy ကူးချင်ရင်တော့ ' cp ' ဆိုတဲ့ command ကိုသုံးပါ တယ်။သူ့ရဲ့ command Format က------

    ' cp [location and name of the file to be copied] [Destination] ' ပါ။

    ဥပမာ - cp ~/Desktop/report.doc ~/Documents/Desktop ပေါ်က report.doc က Documents ထဲကို copy ကူးပြီးရောက်ရှိနေပါမယ်။

    ဒါပေမယ့် ' cp ~/Desktop/report.doc ~/Document ' ဆိုရင်တော့ home Folder

    Ubuntu Desktop Guide @ http://so25stars.wordpress.com

  • အောက်မှာ Desktop ပေါ်က 'report.doc' ကို 'Document' နာမည်နဲ့ copy ကူးပြီးရောက်ရှိ နေမှာဖြစ်ပါတယ်။

    Move (mv)

    File တွေဆောက်ပြီး၊Copy ကူးတာတေဿွပြီးရင် ဒီတစ်ခါတော့ File တွေကိုရွေ့ပါမယ်။Windows မှာတော့ Cut(Ctrl+X) လုပ်တာပေါ့။သူ့ရဲ့ command Format ကလည်းcopy လုပ်တာနဲ့တူတူပါပဲ။' mv [location and name of the file to be moved] [Destinaton] '

    ဥပမာ - mv ~/Desktop/test.txt ~/Documents/ ဆိုDesktop ပေါ်က Text File က Document Folder အောက်ကရွေ့သွားပါလိမ့်မယ်။

    Remove (rm)

    တည်ဆောက်ပြီးသား File တစ်ခုကိုဖျက်ချင်ရင် "rm” command ကိုသုံးပါတယ်။

    ' rm ~/Desktop/test.txt ' ဆို Desktop ပေါ်က Text File ပျက်သွားပါလိမ့်မယ်။ rm မှာ လည်း ' -i ' ဆိုတဲ့ option ရှိပါသေးတယ်။ ' rm -i ~/Desktop/test.txt ' ဆိုပုံမှာပြထားတဲ့ အတိုင်း ဖျက်/ မဖျက်မေးပြီး 'y' လို့ရိုက်ပြီး Enter ခေါက်မှဖျက်ပေးပါလိမ့်မယ်။ 'n' ဆိုရင် မ

    ဖျက်ပေးပါဘူး။

    Folder တွေကိုဖျက်ချင်တယ်ဆိုရင်တော့ 'rm' နဲ့တင်မရတော့ပါဘူး။ " rm -rf [location and file name to be deleted] ” နဲ့မှဖျက်လို့ရပါမယ်။

    Ubuntu Desktop Guide @ http://so25stars.wordpress.com

  • Complex File name

    File တွေကို Copy လုပ်တာ ၊ Delete လုပ်တာအစရှိသဖြင့် File တွေကို Access လုပ်ရာမှာ၎င်းFile name တေဿွမှာ"Space”ပါခွင့်မရှိပါဘူး။Space ပါတဲ့File တွကို Access လုပ်မိရင်အောက်ပါပြထားတဲ့ပုံထဲကအတိုင်းError တက်လာပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ command တွေရဲ့ option တွေ ၊ argument တေဿွနဲ့ရောထွေးသွားလို့ပါ။ဥပမာ - “test copy.txt” လို့ခေါ်တဲ့ File ကိုရွေ့မယ်ဆိုရင် "test copy.txt” လို File မျိုးကို စက်က test

    ကတစ်ဖိုင် ၊ copy.txt ကတစ်ဖိုင်လို့ယူဆပြီး test ဆိုတဲ့ File ရော၊ copy.txt ဆိုတဲ့ File ကို ရောမရှိပါဘူးဆိုပြီး Error တက်လာပါလိမ့်မယ်။

    ဒါကြောင့် command နဲ့ File တွေကို Access လုပ်ရာမှာ မိမိ Access လုပ်မယ့် File name တွေမှာ "space” မပါအောင်တော့သတိပြုရပါမယ်။

    Finding File (find and locate)

    Ubuntu မှာသူ့ရဲ့ Home Folder အောက်က File တွေကိုပဲရှာဖွေပေးနိုင်ပါတယ်။File တွေကိုရှာဖွေဖို့ "find -name [filename]” ပါ။File name မသိတဲ့အခါမှာတော့ ကိုယ်

    သိတဲ့ File Extension နဲ့လည်းရှာလို့ရပါတယ်။command ကတော့ "find -name *.[file Extension]” ပါ။ဥပမာ- text File တွေကိုရှာမယ်ဆိုရင် - “ find -name *.txt ” ပါ။အဲ့ဒီအ

    ခါ Home Folder ထဲမှာရှိရှိသမျှ Text File တွေကို Location နဲ့တကွ File name တွေကိုပါ ပြပေးပါလိမ့်မယ်။ ' locate ' ဆိုတဲ့ command နဲ့လည်းရှာဖွေနိုင်ပါတယ်။ သူကတော့ မိမိရှာ

    ဖွေတဲ့ File နဲ့ နောက်ထပ်ဆက်စပ်နေတဲ့ File တွေကိုပါရှာဖွေပေးနိုင်ပါတယ်။ဿ find နဲ့ locate အတူတဲ့အချက်ကို အောက်မှာပြထားတဲ့ပုံမှာတွေ့နိုင်ပါတယ်။ "Ubuntu.odt” ဆိုတဲ့ Word

    File ကိုရှာမယ်ဆိုပါစို့။

    Ubuntu Desktop Guide @ http://so25stars.wordpress.com

  • Find command ကတော့ ကျွ န်တော်ရှာတဲ့ Ubuntu.odt file ရဲ့ location ကိုပဲပြပေးပါ တယ်။ Locate ဆိုတဲ့ command ကတော့ Ubutu.odt ကလက်ရှိဖွင့်ထားတဲ့ File ဖြစ်တဲ့အ

    တွက်ဖြစ်ပေါ်နေတဲ့ temporary file ကိုပါ ".~lock.Ubuntu.odt#” ဆိုပြီးပြပေးနေပါတယ်။

    Graphical Text Editor (gedit)Windows က notepad လို Text Editor လိုမျိုး ၊ Ubuntu မှာလည်းရရှိနိုင်ပါတယ်။

    gedit ဆိုတဲ့ text editor ကိုClick ရင်ပဲဖြစ်ဖြစ် ၊ Terminal မှာ ' gedit ' ဆိုပြီးရိုက်ရင်ပဲဖြစ် ဖြစ် gedit program ပွင့်လာပါလိမ့်မယ်။

    ' gedit file1.txt & ' ဆိုတဲ့ command ကို သုံးရင်တော့file1.txt ဆိုပြီး လက်ရှိ ရောက်နေတဲ့ Directory အောက်မှာtext file တစ်ခုဆောက်ပြီး မိမိရိုက်သမျှ စာတွေကို save

    ပေးပါလိမ့်မယ်။

    Vi Text Editor (vi) သူကတော့ Terminal ပေါ်မှာပဲအသုံးပြုရတဲ့ Text Editor ဖြစ်လို့ User Friendly

    သိပ်မဖြစ်ပါဘူး။ သုံးရနည်းနည်းခက်ပါတယ်။ ဘာပဲဖြစ်ဖြစ် စမ်းသုံးကြည့်ကြတာပေါ့။ "vi” (သို့)"vim" လို့ရိုက်ကြည့်ပါ။ Vi Text Editor ကို Terminal ပေါ်မှာပြပေးလာပါလိမ့်မယ်။ ' vi test.txt ' ဆိုရင် လက်ရှိရောက်နေတဲ့ Directory မှာ 'test.txt' file ရှိနေရင်တော့ ရှိနေတဲ့ File ကို Vi editor နဲ့ဖွင့်ပေးလာမှာဖြစ်ပြီး မရှိရင်တော့ "test.txt” file ကိုအသစ်ဆောက်ပြီး

    ဖဿွင့်ပေးလာမှာဖြစ်ပါတယ်။ Vi Text Editor မှာ mode ၂ခုရှိပါတယ်။ command mode နဲ့ input mode ပါ။ Editor စပွင့်ပွင့်ချင်းဝင်နေတာက command mode ပါ။ command mode မှာသုံးရမယ့် command တွေက ----

    Ubuntu Desktop Guide @ http://so25stars.wordpress.com

  • - “ZZ” (သို့) “:wq” ဆိုတဲ့command က Editor ကနေ File ကို save ပြီးထွက်တာပါ။- “:w” ဆိုတဲ့ command ကတော့ File ကို save ရုံပဲ save တာပါ။- “:q!” ဆိုတဲ့ command ကတော့ File ကိုမသိမ်းပဲ Editor ကနေထွက်လိုက်တာပါ။

    – command mode ကနေ input mode ကူးပြီး စာတွေရိုက်ထည့်ချင်ရင်တော့ Key Board မှ ' a ' (add) နှိပ်လိုက်ပါ။ ' i ' ကတော့ insert လုပ်တာပါ။

    File ထဲက သိချင်တဲ့စာလုံးတွေကိုရှာချင်ရင်တော့ command mode ကနေ ' / နောက်မှာရှာ မယ့်စာကိုရိုက်ပါမယ် ' Adobe Reader နဲ့ Word,Excel application တွေမှာ ' Ctrl+f ' နှိပ်

    ပြီးရှာသလိုပေါ့။

    Command History (history) သုံးခဲ့တဲ့ command တွေကိုပြန်သုံးဖို့ကြည့်ချင်တယ်ဆိုရင်တော့ "history” ဆိုတဲ့

    command ကိုအသုံးပြုနိုင်ပါတယ်။

    Date (date)

    Terminal သုံးနေရင်းနဲ့ ဒီနေ့ Date ကိုသိချင်လာရင်တော့ Terminal မှာ 'date' လို့ သာရိုက်ပြီး enter ခေါက်လိုက်ပါ။

    whoami

    Terminal သုံးနေရင်းနဲ့ မိမိလက်ရှိသုံးနေတဲ့ Account name ကိုသိချင်ရင်တော့ 'whoami' ဆိုတဲ့ command ကိုသုံးလိုက်ပါ။

    Ubuntu Desktop Guide @ http://so25stars.wordpress.com

  • Super User and Super User Do (su and sudo)

    su နဲ့ sudo ကို root power tasks (root file ကဲ့သို့ Admin ပိုင်းဆိုင်ရာအလုပ်များ ) များကိုလုပ်ဆောင်ရာမှာသုံးပါတယ်။ ဘယ်လို root power tasks တွေလဲဆိုတော့- Software Installation လုပ်ဖို့သက်ဆိုင်ရာ package တွေကိုခေါ်သုံးဖို့လိုလာတဲ့အခါ၊

    ကိုယ်ပိုင် PHP web application တွေစမ်းသပ်ရေးသားဖို့xampp လိုမျိုး server အသေးစား လေးတွေကိုstart လုပ်ဖို့လိုလာတဲ့အခါ၊root folderအောက်မှာမဖြစ်မနေ File များဆောက်ဖို့

    လိုလာတဲ့အခါမျိုးတွေပါ။ Super User(su) နဲ့ Super User Do (sudo) ဆိုပြီးcommand နှစ်ခုရှိတဲ့အထဲမှာမှ Super User (su) ကို Normal Account ကနေ Root Account ကို

    လှမ်းသုံးနိုင်ဖို့ရည်ရွယ်ပြီး Super User Do (sudo) ကိုတော့ Root power ယူသုံးတဲ့အနေနဲ့ ရေးထားတဲ့ command ရှေ့မှာထားပြီးသုံးပါတယ်။ဥပမာအနေနဲ့ရှင်းပြရရင် Root Folder (/) အောက်မှာ User ကိုယ်တိုင် command နဲ့စေခိုင်းတဲ့အလုပ်မဟုတ်ရင် မည်သည့် File ၊ မည်

    သည့် Program မှဝင်ရောက်အလုပ်ခွင့်မရှိပါဘူး။ Graphical User Interface(GUI) မှတစ် ဆင့်လည်းစေခိုင်းလို့မရနိုင်ပါဘူး။Root Folder အောက်မှာ Right Click နှိပ်ပြီးကြည့်ကြည့်ပါ။ Pop-up menu က Create Folder / Create Document / Paste အစရှိတဲ့

    စာသားတွေဟာ Disable ဖြစ်နေကြောင်းတွေ့ ရပါလိမ့်မယ်။ Terminal မှာလည်း su နဲ့ sudo တစ်ခုခုမပါဘဲ Root Folder အောက်ကိုဝင်ပြီး Folder တစ်ခုဆောက်ကြည့်ပါ။ အောက်ကပုံ

    အတိုင်း Error တက်လာပါလိမ့်မယ်။

    ဒါပေမယ့် command ရှေ့မှာ sudo သုံးပြီးလုပ်ကြည့်ပါ။။သင့် Account ရဲ့ password ကိုတောင်းပြီး root folder အောက်မှာသင်ဆောက်တဲ့ Folder ပေါ်လာပါလိမ့်မယ်။

    Ubuntu Desktop Guide @ http://so25stars.wordpress.com

  • Super User (su) ကတော့ sudo နဲ့ကွဲပါတယ်။ သူက Root account ထဲကိုဝင်သုံးပါတယ်။'sudo passwd root' လို့ရိုက်ပြီးEnter ခေါက်ပါ။ password ပေးပါ။နောက်တစ်ခါသုံးတဲ့အ ခါရိုက်ထည့်ဖို့ပါ။

    password ပေးပြီးရင်တော့' su ' ရိုက်ပါ။Enter ခေါက်ပါ။password ရိုက်ပါ။ Root accoun t ထဲကိုသင်ဝင်ရောက်သွားနိုင်ပါပြီ။ သုံးချင်တဲ့ command ကို 'sudo' command မပါပဲသုံး နိင်ပါပြီ။

    Ubuntu Desktop Guide @ http://so25stars.wordpress.com

  • Shutdown (shutdown)

    shutdown command ကိုသုံးဖို့ sudo သို့ su တစ်ခုခုတော့လိုပါလိမ့်မယ်။ shutdown ဆိုတဲ့ command နောက်မှာတော့ '-h' ဆိုတဲ့ option တစ်ခုပါပြီး အချိန် (min te) ကိုကိုယ်စားပြုပါတယ်။ အဲ့ဒီနောက်မှာမှ ကိုယ်ပေးချင်တဲ့ Time Limit (minute)ပမာဏ

    ကိုပေးနိုင်ပါတယ်။ဥပမာ - 'sudo shutdown -h 3' ဆိုရင် 3 minute အကြာမှာ သင့် computer ပိတ်သွားမှာဖြစ်ပြီး 'sudo shutdown -h now' ဆိုရင်တော့ ချက်ချင်းပဲပိတ်သွား

    ပါလိမ့်မယ်။ Time Limit ပေးထားတုန်း စိတ်ပြေပြီး မပိတ်စေချင်ရင်တော့ cancel လုပ်နိုင်ဖို့ Key Board မှ Ctrl+c ကိုနှိပ်လိုက်ပါ။

    Restart (reboot)

    restart ကျဖို့တော့ 'reboot' command လေးကိုပဲသုံးလိုက်ပါ။

    Software Instal lation

    (tar.gz) package installation

    tar.gz package file ဟာ Ubuntu အတွက်လာတဲ့ software package တွေထဲမှာ သုံးရအလွယ်ကူဆုံး package ပဲဖြစ်ပါတယ်။ သူ့ကို " sudo tar -xvzf package

    name.tar.gz ” ဆိုတဲ့ command နဲ့ ဖြည်ချပြီးအသုံးပြုရုံပါပဲ။ ဒါပေမယ့် အဲ့ဒီလိုအသုံးပြုတဲ့ နေရာမှာ software တစ်ခုနဲ့ တစ်ခုကွဲပြဿားခြဿားနားတဲ့အချက်တွေရှိနိုင်ပါတယ်။ ဒီလို ခြဿားနား

    ချက်တွေရှိနေတဲ့ package တွေအကြောင်းကိုမြင်သာအောင်၊ နောက်ပြီး c,php, java အစရှိ တဲ့ open source ဘက်လိုက်နေကြသူများလည်း သူတို့ရဲ့ open source language

    တွေကို Ubuntu လို open source os ပေါ်မှာရေးသားနိုင်အောင် lampp နဲ့ eclipse IDE package တွေကို အောက်မှာ install လုပ်ပြပေးထားပါတယ်။

    lampp package

    lampp package ဟာ local မှာ CMS web site တစ်ခုရေးဖို့အတွက် linux, apache, mysql, php အစရှိတာတွေကို support လုပ်ပေးထားတဲ့ server တစ်ခုပါ။ သူ့ကို

    အသုံးပြုဖို့ဆို ပထမဆုံး lampp (or) xampp tar.gz package ကို အရင်ဆုံး Internet မှာ ရှာဖွေပြီး Download ချပါ။ နောက်ပြီး sudo tar -xvzf package name.tar.gz နဲ့ ဖြည်ပါ။

    ဖြည်ချပြီးတဲ့ folder ကို sudo mv command နဲ့ /opt/ အောက်ကို ရွေ့ပါ။ အဲ့ဒီနောက်

    Ubuntu Desktop Guide @ http://so25stars.wordpress.com

  • terminal ကနေ "sudo /opt/lampp/lampp start” ဆိုတဲ့ command နဲ့ server ကို start လုပ်ပါ။ အောက်ပါအတိုင်း သူ့မှာပါဝင်တဲ့ service များကို start လုပ်နေပြီဖြစ်တဲ့အကြောင်း

    information ပေးတဲ့ စာသားများနဲ့ စတင်အလုပ်လုပ်နေပါလိမ့်မယ်။

    lampp ကပေးတဲ့ service တွေစတင် အလုပ်လုပ်နေပြီဆိုရင်တော့ MySQL Database သက်သက်ပဲ SQL query တွေ run ,run ၊ဒါမှမဟုတ် MySQL နဲ့ချိတ်ဆက်

    အသုံးပြုထားတဲ့ php web application တွေပဲရေးရေး ရေးလို့ရပါပြီ။MySQL ကို GUI (Graphical User Interface) တွေနဲ့တိုက်ရိုက်ကိုင်တွယ် စီမံနိုင်ဖို့ သင့်ရဲ့ Browser ကိုဖွင့်

    ပြီး Address Bar မှာ ''http://localhost/phpmyadmin” ဆိုပြီးရိုက်ထည့်ကြည့်ပါ။အောက် ပါအတိုင်း MySQL ရဲ့ control center home page တက်လာပါလိမ့်မယ်။

    Ubuntu Desktop Guide @ http://so25stars.wordpress.com

  • php run ဖို့အတွက် မိမိသားထားတဲ့ php file များကို '/opt/lampp/htdocs/' အေက်မှာ မိမိကြိုက်နှစ်သက်ရာ folder တည်ဆောက်ပြီး save ရပါမယ်။နောက်ပြီး browser

    ပေါ်ကို အဲ့ဒီ file ခေါ်တင်ဖို့အတွက်address bar မှာ 'http://localhost/folder name/file name.php' ဆိုပြီး မိမိရဲ့ php projects တွေ၊ file တွေကို ခေါ်ယူအသုံးပြုနိုင်ပြီဖြစ်ပါတယ်။

    lampp ကပေးတဲ့ service တွေကိုအသုံးမပြုတော့တဲ့အချိန်မှာတော့ stop လုပ်ထားဖို့ လိုအပ်ပါတယ်။ အဲ့ဒီအတွက် 'sudo /opt/lampp/lampp stop' ဆိုတဲ့ command ကိုသုံး

    ရပါမယ်။

    ecl ipse package

    eclipse package ကို softpedia site မှာအလွယ်တကူရနိုင်ပါတယ်။ အဲ့ဒီ site ကနေ download ချလာတဲ့ tar.gz package ကို /opt/ အောက်မှာဖြည်ချပါ။desktop ပေါ်

    တင်ဖြည်ချပြီး အသုံးပြုရင်လည်းရပါတယ်။ အဲ့ဒီလိုဖြည်ချပြီးတဲ့အခါ eclipse IDE (Integrated Development Environment) အလုပ်လုပ်နိုင်ဖို့ JRE (Java Runtime Environment) သို့ JVM (Java Virtual Machine) တစ်ခုထပ်ပြီးလိုအပ်ပါတယ်။

    အဲ့ဒီအတွက် JDK tar.gz package တစ်ခု download ချပြီးဖြည်ချရပါမယ်။ ဒီလိုဖြည်ချပြီး တဲ့အခါ jdk folder ထဲကနေ jre file ကိုကူးယူပါ။ eclipse folder ထံကို paste ချပါ။ အဲ့ဒီ

    နောက်မှာတော့ eclipse folder ထဲက eclipse Linux executable file လေးကိုဖွင့်ပြီး အသုံးပြုရုံပါပဲ။

    Synaptic Package Manager

    package တွေကို install လုပ်ဖို့ GUI အသုံးပြုနောက်ထပ် package manager တစ်ခုပါ။ package တွေကို ubuntu server ကနေ installation ပြုလုပ်ဖို့ system setting

    ကနေ Synaptic package manager ကိုဖွင့်ပါ။ ပေးထားတဲ့ list box မှာအလိုရှိရာ package ကိုရွေးချယ်ပါ။ ရွေးပြီးတဲ့ package ပေါ်ကို right click နှိပ်ပြီး mark for installation ကိုရွေးပါ။ပေါ်လာတဲ့ window ကနေ mark button ကိုနှိပ်ပြီး button bar

    ပေါ်က apply button ကိုနှိပ်လိုက်ပါ။ Ubuntu server ကနေ download ချပြီး install လုပ်ပေးပါလိမ့်မယ်။

    APT (Advanced Packaging Tool) Package Management System

    Package တွေကို install, uninstall, remove, update, upgrade အစရှိသဖြင့် စီမံပေးတဲ့ system တစ်ခုပါ။ apt command နဲ့ package တွေကို management လုပ်နိုင်

    ဖို့ အသုံးဝင်မယ့် command အချို့ကို အောက်မှာဖော်ပြပေးထားပါတယ်။

    Ubuntu Desktop Guide @ http://so25stars.wordpress.com

  • Instal l Package'sudo apt-get install package name'

    Remove Package'sudo apt-get remove package name'

    Update Package'sudo apt-get update'

    Upgrade Package'sudo apt-get upgrade'

    List further commands and options'apt-get help'

    ** အထက်ပါ command တွေအလုပ်လုပ်ဖို့ internet connection ရှိနေဖို့တော့ လိုအပ်ပါ တယ်။

    Deb (Debian) Package

    Debian package ဟာ exe file လိုပါပဲ။ ဖြည်ချရုံနဲ့မရပါဘူး။ install လုပ်ပေးရ ပါတယ်။ .deb package ကို install လုပ်တဲ့ command ကတော့ 'sudo dpkg -i packa

    ge name.deb' ဖြစ်ပြီး remove လုပ်ဖို့ကတော့ 'sudo dpkg -r package name.deb' ဖြစ် ပါတယ်။

    Convert RPM (RedHat Package Manager) packages to Deb packages

    RPM ဆိုတဲ့ package ဟာ ubuntu လို နောက်ထပ် Linux မူကွဲ OS တစ်ခုဖြစ်တဲ့ Red Hat Linux အတွက်လာတဲ့ package ပဲဖြစ်ပါတယ်။ အဲ့ဒီ package ကို Ubuntu မှာ

    သုံးလို့ရတဲ့ Deb Package ကိုအောက်ပါ command ကိုအသုံးပြုပြီး ပြေဿာင်းနိုင်ပါတယ်။'sudo alien package name.rpm'

    Ubuntu Desktop Guide @ http://so25stars.wordpress.com

  • Instal l ing Myanmar Fonts in Ubuntu

    Ubuntu မှာ ကြိုက်နှစ်သက်ရာမြန်မာ Font ကိုinstall လုပ်လို့ရပါတယ်။ ဥပမာအ နေနဲ့ Zawgyi Font ကို install လုပ်ပြပါမယ်။ Zawgyi Font ကို install လုပ်နည်းအတိုင်းဒီ့

    ပြင် myanmar fonts များကိုလည်း စမ်းသပ်ပြီး Install လုပ်ကြည့်ပါ။ အရင်ဆုံး Zawgyi Font package ကို http://code.google.com/zawgyi-

    keyboards/downloads/list သို့သွားရောက်ပြီး ကြိုက်နှစ်သက်ရာ Zawgyi tar.gz file တစ်ခုကို Downloads ဆွဲခဲ့ပါ။ tar.gz file ရခဲ့ပြီဆိုရင် Ubuntu ရဲ့ home folder အောက်

    ကြိုက်နှစ်သက်ရာတစ်နေနေရာမှာ သိမ်းပါ။ ကျွ န်တော်ကတော့ အလွယ်တကူ Desktop ပေါ် မှာပဲ ခဏတင်ထားလေ့ရှိပါတယ်။

    ကဲ သိမ်းပြီးပြီဆိုရင်တော့ ကျွ န်တော်တို့ command တွေကို Computer ဆီပို့ပေး မယ့် ကိုယ်စားလှယ်ကြီးကို Ctrl+Alt+T နှိပ်ပြီးခေါ်လိုက်ကြရအောင်။ပြီးတော့ zawgyi ရှိတဲ့

    Desktop အောက်ကို cd ~/Desktop ဆိုတဲ့ command နဲ့ဝင်လိုက်ပါ။အဲ့ဒီနောက် zawgyi tar file ကိုဖြည်ဖို့ 'tar xzf zawgyi [file name.tar.gz]' command နဲ့ဖြည်ပါ။ xzf ဆိုတဲ့ option command အကြောင်းသိချင်ရင်တော့ Terminal မှာပဲ 'tar help' – နဲ့ကြည့်ပါ။Zip

    ကိုဖြည်ပြီးရင်တော့ Zawgyi နာမည်နဲ့ Folder တစ်ခု Desktop ပေါ်မှာပေါ်လာပါလိမ့်မယ်။cd နဲ့ အဲ့ဒီ Folder အောက်ဝင်လိုက်ပါ။ ls command နဲ့ သူ့ထဲမှာပါတဲ့ File တွေကိုကြည့်

    ကြည့်ပါ။ အဲ့ဒီနောက် Zawgyi_keyboard.py ဆိုတဲ့ Python programming နဲ့ရေးထားတဲ့ File လေးကို 'sudo python Zawgyi-keyboard.py' command နဲ့ Run ပါ။ install လုပ်

    တဲ့ Process အတွက်စာတွေတက်လာပါလိမ့်မယ်။ အဲ့ဒီနောက် install လုပ်ဖို့အတွက် keyboard မှ 'i' ကိုနှိပ်ပြီး Enter ခေါက်ပါ။Python script ကနေ Zawgyi font ကိုသက်Stop Running Process in Ubuntu ဆိုင်ရာနေရာဆီ 'copy' ကူးပြီး Install လုပ်ပေးပါလိမ့်မယ်။

    ပြန်ပြီး Remove လုပ်ဖို့ကတော့ install လုပ်ခဲ့တဲ့ process အတိုင်းပြန်လုပ်ပါ။ remove လုပ်မလားမေးလာတဲ့အခါမှသာ keyboard မှ 'r' ကိုနှိပ်လိုက်ပါ။ စာစီစာရိုက်လုပ်

    တဲ့အခါအသုံးပြုနိင်ဖို့တော့ zawgyi font ထုံးစံအတိုင်း ctrl+shift နှိပ်ပြီးသုံးရုံပါပဲ။

    Troubleshooting in Ubuntu

    Stop Running Process in Ubuntu

    ကျွ န်တော်တို့ Windows မှာတုန်းက application တစ်ခုအသုံးပြုရင်း hang သွားတဲ့ အခါဖြစ်ဖြစ်၊ Virus လိုနောက်ကွယ်မှာ run နေတဲ့ process တေဿွပဲဖြစ်ဖြစ်၊ run နေတဲ့

    process တွေကို terminate (End Process) လုပ်တဲ့အခါ Ctrl+Alt+Delete နဲ့ခေါ်ယူအ သုံးပြုလေ့ရှိတဲ့ Task Manager ကို ubuntu မှာလည်းခေါ်ယူအသုံးပြုနိုင်ပါတယ်။ အဲ့ဒီ

    Ubuntu Desktop Guide @ http://so25stars.wordpress.com

  • အတွက် Terminal မှာ 'gnome-system-monitor' လို့သာရိုက်လိုက်ပါ။ Windows မှာ တုန်းကလိုပဲ Task Manager တစ်ခုကျလာပါလိမ့်မယ်။ Ubuntu အသုံးအနုံးအရတော့

    System Monitor ပေါ့။

    Remembering Password in Ubuntu

    Windows မှာ Password မေ့သွားရင် Ctrl+Alt+Delete နဲ့ကျော်တာမျိုး၊ Password Remover နဲ့ Password ပြန်ပြေဿာင်းတာမျိုး၊ Safe mode နဲ့ပြန်ဝင်တာမျိုးလုပ်

    လို့ရပေမယ့် Ubuntu မှာအဲ့ဒီလိုလုပ်လို့မရနိုင်ပါဘူး။ အဲ့ဒီအတွက် နည်းလမ်းတစ်ခုကို ကျွ န်တော့်ရဲ့ Ubuntu စာအုပ်လေးပြည့်စုံသွားအောင်ဖော်ပြပေးပါမယ်။

    ပထမဆုံးအနေနဲ့ သင့် computer boot အတက်မှာ Ubuntu OS ဆီတိုက်ရိုက်မ ဝင်သေးဘဲ သူ့အောက်နားမှာရှိနေတဲ့ recovery mode ကိုဝင်လိုက်ပါ။

    အဲ့ဒီ Mode ထဲရောက်ပြီဆိုတာနဲ့ Hardware တွေကို scan စတင်ဖတ်နေပါလိမ့် မယ်။ ခဏတော့စောင့်လိုက်ပါ။အဲ့ဒီနောက် passwd လို့ရိုက် space ခြဿားပြီး username

    ထပ်ရိုက်ပြီး enter ခေါက်လိုက်ပါ။ Password အသစ်ပြန်တောင်းလာပါလိမ့်မယ်။ password အသစ်ထည့်လိုက်ပါ။ retype ဆိုပြီးပြန်တောင်းလာပါလိမ့်မယ်။ ပြန်ရိုက်ပေး

    လိုက်ပါ။ password updated successfully ဆိုပြီးစာကြောင်းတစ်ကြောင်းပေါ်လာပါလိမ့် မယ်။ဒါဆိုရင်တော့ သင့်ရဲ့ Password အသစ်နဲ့ Ubuntu OS ကိုပြန်လည်အသုံးပြုလို့ရပါပြီ။

    Ubuntu Desktop Guide @ http://so25stars.wordpress.com

  • restart ချဖို့အတွက် 'sync' လို့ရိုက်၊ enter ခေါက်ပြီး 'restart -f' လို့ထပ်ရိုက်ပြီး enter ခေါက်လိုက်ပါ။ restart ကျသွားပါလိမ့်မယ်။

    Backup in Ubuntu

    အကြောင်းအမျိုးမျိုးကြောင့် သင့် Ubuntu OS စနစ်တစ်ခုလုံး ချို့ယွင်းချက်ဖြစ်လာတဲ့ အခါ ယခင်ကောင်းမွန်တဲ့ အနေထားအတိုင်းပြန်လည်ရောက်ရှိစေဖို့ သင့် Ubuntu System

    တစ်ခုလုံးကို backup လုပ်ထားရပါမယ်။ အဲ့ဒီအတွက် Terminal ကိုဖွင့်ပါ။ Terminal မှာ root Access ရရှိနိုင်ဖို့ 'sudo su' လို့ရိုက်ပါ။ အဲ့ဒီနောက် 'cd /' လို့ရိုက်ပြီး အောက်ပါ command ကိုသုံးပါ။

    ' tar cvpzf backup.tgz exclude=/proc exclude=/lost+found – – –exclude=/backup.tgz exclude=/mnt exclude=/sys / – – '

    အဲ့ဒီ command ပြီးရင်တော့ Backup လုပ်ငန်းစဉ်တွေအားလုံးသူ့ဘာသာ ဆက်လုပ်နေပါလိမ့်မယ်။ အဲ့ဒီနောက်မှာတော့ Ubuntu OS တစ်ခုလုံးကို Backup လုပ်ထား

    တဲ့ Tar file တစ်ခုကို root folder အောက်မှာသိမ်းထားပါလိမ့်မယ်။System မှာ error တက်တဲ့အခါ အဲ့ဒီ backup file ကိုပြန် restore လုပ်တော့မယ်

    ဆိုရင်တော့အောက်ပါ command ကိုဆက်သုံးရပါမယ်။

    ' tar xvpfz backup.tgz -C / '

    ဒီ command သုံးပြီးနောက်မှာတော့ သင့် system တစ်ခုလုံးကို restore လုပ်တဲ့ လုပ်ငန်းစဉ်ပြီးဆုံးပါပြီ။ အကြောင်းအမျိုးမျိုးကြောင့် ယိုယွင်းသွားတဲ့ သင့် system တစ်ခု လုံးကို အကောင်းပကတိတိုင်း ပြန်လည်အသုံးပြုလို့ရပါပြီ။ ။

    Ubuntu Desktop Guide @ http://so25stars.wordpress.com

  • ကဲ......ကျွန်တော့်ရဲ့ Ubuntu အခြေခံအသုံးပြုနည်း စာအုပ်လေးလည်းတော်တော်စုံ လောက်ပါပြီ။ ဒီစာအုပ်လေးကို ကျွန်တော့် စာအုပ်မျက်နှာဖုံးမှာဖော်ပြထားတဲ့ Keir Thomas ရေးတဲ့ Ubuntu Pocket Guide and Reference စာအုပ်ကို ကျောရိုးထားပြီး ကျွန်တော် Ubuntu သုံးရင်းသူငယ်ချင်းတွေဆီက မျှဝေချက်၊ ကျွန်တော့် အတွေ့ အကြုံ တွေကို ပေါင်းစပ်ပြီး အခုမှ Ubuntu ကိုစသုံးမယ့် Ubuntu User တွေအတွက် အပင်ပန်းခံရေးသား ထားတာပါ။ ဒီစာအုပ်လေးဖတ်ပြီး Ubuntu OS နဲ့ ရင်းနှီးကျွမ်းဝင်မ်ု့ရှိသွားဖို့မျှော်လင့်ပါ တယ်။ ။

    ## တတ်သည့်ပညာ နှင့် ရောက်သည့်နေရာတွင် အများအကျိုးကိုဆောင်ရွက်နိုင်ကြပါစေ။

    ရန်နိုင်ထွန်းUCSM

    Ubuntu Desktop Guide @ http://so25stars.wordpress.com